Recent in Technology

Installing Kali (Kali only & Dual Boot)

Kali Linux α€€ို Kali Only or Dual Boot with other OS ထဖြα€…် တင်α€™α€š်ဆိုရင်တော့ α€žα€„့်ထနေα€”ဲ့ တင်α€€ြို α€œုပ်ဆောင်α€…α€›ာ ၃ ခု α€›ှိပါα€α€š်။ ပထမဆုံး ထနေα€”ဲ့ Kali ISO α€€ို Download ဆွဲထားပြီးα€žား α€–ြα€…်α€–ို့ α€œိုထပ်ပါα€α€š်။ α€’ီα€”ေα€›ာα€™ှာ တစ်ခု ထကြံပြုချင်တာကတော့ Kali Live Version α€€ို download ဆွဲα€…ေချင်ပါα€α€š်။ Live Mode α€€ို α€žုံးခြင်းထားα€–ြင့် install α€œုပ်ပြီး တစ်ခုခု α€œွဲချော်α€”ေခဲ့ရင်တောင်α€™ှ Live Mode α€€α€”ေ ဝင်α€žုံးα€”ိုင်α€™α€š့်ထခြေထနေα€€ို ဆက် α€›α€”ေα€™ှာα€™ို့α€œို့ပါ။ Live Version α€€α€”ေα€œα€Š်းပဲ install α€œုပ်α€”ိုင်ပါα€α€š်။ α€’ီα€”ေα€›ာα€™ှာ တစ်ခု ထပ်α€™ှာα€œိုတာα€€ α€™ြα€”်α€™ာပြα€Š်α€€α€”ေ ဆိုရင် Torrent α€€α€”ေ download ဆွဲတာα€€ network error α€€ြောင့် α€–ြα€…်α€œာα€”ိုင်တဲ့ installation error တွေα€€ို α€›ှောင်α€œွှဲα€”ိုင်ပါα€œိα€™့်α€™α€š်။ α€’ါα€€ြောင့် Torrent α€€α€”ေα€žာ download α€šူα€€ြပါ။

Kali ISO Live Version α€€ို download ဆွဲတဲ့ထခါ Torrent α€€α€”ေ ဆွဲα€–ို့α€œိုပါα€α€š်။ download α€”α€Š်း α€™α€žိရင် α€’ီα€™ှာ α€€ြα€Š့်ပါ။ How To Download Kali ISO without any errors

Kali Live ISO α€€ို Download ဆွဲပြီးα€žွားတဲ့ထခါ install α€œုပ်α€–ို့ထတွα€€် installer USB Stick α€œုပ်ရပါα€™α€š်။ USB installer α€œုပ်α€”α€Š်း α€™α€žိရင် α€’ီα€™ှာ α€€ြα€Š့်α€”ိုင်ပါα€α€š်။ How to create installer USB

Kali installer USB α€–α€”်တီးပြီးα€žွားပြီဆိုရင်တော့ α€”ောα€€်တစ်ဆင့်α€€ Dual Boot တင်α€™α€š့်α€žူတွေထတွα€€် Partition α€€ြိုတင်ပိုင်းα€–ို့ α€–ြα€…်ပါα€α€š်။ Kali Only α€žာ တင်α€™α€š့်α€žူတွေထတွα€€်တော့ α€™α€œိုပါα€˜ူး။ Partition α€€ြိုတင်ပိုင်းα€”α€Š်း α€™α€žိပါα€€ α€’ီα€™ှာ α€€ြα€Š့်α€”ိုင်ပါα€α€š်။ How to create partition for Dual Boot

α€’ီထထိပြီးပြီဆိုရင်တော့ တင်α€œို့ရပါပြီ။ install α€™α€œုပ်ခင်α€™ှာ ပထမဆုံးထနေα€”ဲ့ α€€ွα€”်ပျူတာα€›ဲ့ BIOS System α€€ို α€…α€…်ဆေးα€–ို့ α€œိုထပ်ပါα€α€š်။ BIOS ထဲα€™ှာ Secure Boot α€€ို enabled α€œုပ်ထားα€™α€š်ဆိုရင် disabled α€œုပ်ပေးα€–ို့ α€œိုပါα€α€š်။ α€’ါ့ပြင် Hacking Labs တွေα€€ို α€…α€™်းα€–ို့α€›ာထတွα€€် Virtual Machine တွေ α€–α€”်တီးα€‘α€žုံးပြုα€”ိုင်α€…ေα€–ို့ထတွα€€် Virtualization Technology α€€ိုα€œα€Š်း ပိတ်ထားတတ်တဲ့ထတွα€€် BIOS ထဲ ဝင်တုα€”်းα€™ှာ ပိတ်ထားα€œိုα€€်α€–ို့α€œိုပါα€α€š်။ ထချို့α€žော BIOS system တွေα€™ှာတော့ Secure Boot α€€ို ပိတ်α€–ို့ထတွα€€် Administrator password α€žα€်α€™ှတ်ပြီးတော့α€™ှ ပိတ်α€œို့ရတာα€™ျိုး α€›ှိတတ်ပါα€α€š်။ password α€žα€်α€™ှတ်α€œိုα€€်α€›α€α€š်ဆိုရင်တော့ password α€€ို α€™α€™ေ့ထောင် α€žေချာ α€™ှတ်ထားα€–ို့ α€œိုထပ်ပါα€α€š်။ α€”ောα€€်တစ်ချα€€်α€€ ထချို့α€žော α€€ွα€”်ပျူတာတွေα€™ှာ UEFI α€”ဲ့ Legacy ဆိုတာ α€›ှိတတ်ပြီးတော့ UEFI α€™ှာ တင်α€™ှ ထဆင်ပြေα€žွားတာတွေα€œα€Š်း α€›ှိα€žα€œို Legacy α€™ှာα€™ှ ထဆင်ပြေα€žွားတာတွေα€œα€Š်း α€›ှိတာα€™ို့α€œို့ တစ်ခုခု fail ခဲ့ရင် α€”ောα€€်တစ်ခုα€”ဲ့ ပြောင်းα€…α€™်းα€–ို့ α€œိုပါα€α€š်။ BIOS ထဲα€€ boot order α€™ှာα€œα€Š်း USB α€€ို ပထမဆုံးα€”ေα€›ာα€™ှာ ထားပေးα€–ို့α€œိုပါα€™α€š်။

ထားα€œုံးပြီးα€žွားပြီဆိုရင် USB Stick α€€ို တပ်α€œိုα€€်ပြီး USB α€€α€”ေ boot α€œုပ်α€”ိုင်ပါပြီ။ (α€€ွα€”်ပျူတာα€€ို ပါဝါ ပိတ်ပါ။ Kali installer USB stick α€€ို α€‘α€Š့်α€œိုα€€်ပါ။ ပြီးတော့ ပါဝါပြα€”်α€–ွင့်ပါ။ α€’ါဆိုရင် Kali α€›ဲ့ Boot Menu α€€ို α€™ြင်ရပြီ α€–ြα€…်ပါα€α€š်။

Installer ဆိုတဲ့α€”ေα€›ာα€€ို α€žွားα€œိုα€€်ပါ။ α€’ါα€™ှ install α€™ှာ α€–ြα€…်ပြီးတော့ Default ထတိုင်းဆိုရင် Live Mode ထနေα€”ဲ့ ပွင့်α€žွားα€™ှာ α€–ြα€…်ပါα€α€š်။

Default ထတိုင်း α€˜ာα€™ှ ထပ်α€™α€›ွေးα€˜ဲ Continue α€€ို α€”ှိပ်ပါ။

Default ထတိုင်း α€˜ာα€™ှ ထပ်α€™α€›ွေးα€˜ဲ Continue α€€ို α€”ှိပ်ပါ။

Default ထတိုင်း α€˜ာα€™ှ ထပ်α€™α€›ွေးα€˜ဲ Continue α€€ို α€”ှိပ်ပါ။

α€”ောα€€်တစ်ဆင့်α€€ WiFi ချိတ်ခိုင်းα€™α€š့် ထဆင့် α€–ြα€…်ပါα€α€š်။ WiFi α€™α€›ှိရင် α€–ုα€”်းα€€α€”ေ WiFi hotspot α€œုပ်ထားပြီး ချိတ်α€”ိုင်ပါα€α€š်။ α€’ီထဆင့်α€€ိုတော့ ပုံ ချα€”်ခဲ့α€œိုα€€်ပါα€™α€š်။

hostname ဆိုတာα€€ machine name ပါ။ Terminal α€–ွင့်တဲ့ထခါ @ α€›ဲ့ α€”ောα€€်α€€α€”ေ ပေါ်α€™ှာပါ။ Default α€€ kali ပါ။ α€’ီထတိုင်းပဲ ထားရင် user@kali ဆိုပြီး α€›α€œာα€™ှာပါ။ Terminal α€–ွင့်တိုင်း ပေါ်α€”ေα€™ှာα€™ို့α€œို့ ထဆင်ပြေတာα€€ို α€›ွေးထားα€”ိုင်ပါα€α€š်။ α€€ျွα€”်တော်တော့ Kali ထတိုင်းပဲ ထားပြီး Continue ပါα€™α€š်။

α€˜ာα€™ှα€™α€‘α€Š့်α€˜ဲ Continue α€œို့ရပါα€α€š်

α€’ီα€”ေα€›ာα€™ှာ α€€ြိုα€€်α€›ာα€”ာα€™α€Š် ပေးα€œို့ရပါα€α€š်။ space ခြားα€œα€Š်း ရပါα€α€š်။

α€’ါကတော့ ထရေးα€€ြီးα€žွားပါပြီ။ α€™α€–ြα€…်α€™α€”ေ α€™ှတ်α€™ိα€–ို့α€œိုပါα€™α€š်။ space ခြားα€œို့မရပါα€˜ူး။ α€’ီα€”ေα€›ာα€™ှာ khit α€œို့ ပေးα€œိုα€€်α€™α€š်ဆိုရင် ခုα€” kali α€”ဲ့ ပေါင်းပြီး Terminal α€™ှာ khit@kali α€œို့ ပေါ်ပါα€œိα€™့်α€™α€š်။ ထဆင်ပြေα€›ာα€€ိုα€‘α€Š့်ပါ။ α€™ှတ်α€™ိα€–ို့ α€œိုပါα€α€š်။ Continue

ထုံးα€…ံထတိုင်း login ဝင်α€–ို့ password α€–ြα€Š့်α€›α€™ှာပါ။ ၂ကွα€€် တူထောင် α€–ြα€Š့်ပြီး Continue

Continue

Partition ပိုင်းα€›α€™ှာα€–ြα€…်α€œို့ Manual α€€ို α€›ွေးပြီး α€›ှေ့ဆက်α€›α€™ှာပါ။

HDD တစ်ခုα€α€Š်းα€™ို့α€œို့ α€€ြိုပိုင်းထားတဲ့ထပိုင်းα€›α€š် Windows or other OS တစ်ခုခု တင်ထားတဲ့ထပိုင်းα€›α€š် ဆိုပြီးတော့ ထပိုင်း ၂ ပိုင်း α€€ို တွေ့ရပါα€α€š်။ α€™α€™ှားα€–ို့α€œိုပါα€α€š်။ Kali Only တင်α€™α€š်ဆိုရင်တော့ ပြα€Ώα€”ာα€™α€›ှိα€˜ူးပေါ့။ α€€ျွα€”်တော်ကတော့ ပုံα€™ှာ α€”α€™ူα€”ာပြထားတဲ့ Free Space α€–ြα€…်α€”ေတဲ့ (α€€ြိုပိုင်းထားတဲ့ထပိုင်း) α€™ှာ တင်ပါα€™α€š်။ HDD α€™ှာ storage ထများα€€ြီးပါတဲ့α€žူတွေကတော့ ပြα€Ώα€”ာα€žိပ်α€™α€›ှိပါα€˜ူး။ α€žို့α€žော် storage α€”α€Š်းတဲ့α€žူတွေထတွα€€်တော့ partition α€™ှာ /home α€€ို ခွဲမထုတ်တာ ပိုα€€ောင်းပါα€œိα€™့်α€™α€š်။ α€α€€α€š်ဆိုရင် 256GB α€œောα€€်ပဲဆို Kali only ပဲ တင်တာပိုα€€ောင်းပါα€α€š်။ ထို့ထတူ Dual Boot ထတွα€€် 256GB α€œောα€€်ပဲ ပေးα€”ိုင်တာဆိုရင် system partition α€€ို α€™ျားα€™ျားပေးα€–ို့ ထကြံပြုချင်ပါα€α€š်။ α€’ီα€™ှာတော့ α€€ျွα€”်တော့်α€€ 240GB α€€ို ထဆင်ပြေဆုံးα€–ြα€…်ထောင် ပိုင်းပြပါα€™α€š်။ တင်α€™α€š့်ထပိုင်းα€€ို α€›ွေးပြီး continue α€”ှိပ်ပါ။

Kali install α€–ို့ထတွα€€် partition ခွဲα€™ှာα€™ို့α€œို့ Create New Partition ထတိုင်းပဲ continue ပါα€™α€š်။

α€’ါα€€ Kali ထတွα€€် partition α€€ြိုတင်ပိုင်းထားတဲ့ α€›ှိα€žα€™ျှ GB ပေါ်α€”ေα€™α€š့်α€”ေα€›ာပါ။ Kali Only တင်α€™α€š့်α€žူတွေကတော့ partition α€€ြိုပိုင်းထားရတာα€™α€Ÿုတ်တဲ့ထတွα€€် HDD တစ်ခုα€œုံး ပေါ်α€”ေα€™ှာပါ။

2GB α€œို့ ထရင် α€›ေးα€œိုα€€်ပြီးတော့ Continue α€œုပ်ပါα€™α€š်။

α€’ါတွေα€€ α€˜ာα€›ွေးα€›ွေး ရတာတွေပါ။ Continue

α€’ါတွေα€€ α€˜ာα€›ွေးα€›ွေး ရတာတွေပါ။ Continue

α€’ီထဆင့်α€™ှာ ထပေါ်ဆုံးα€™ှာတွေ့ရတဲ့ Use As ဆိုတာα€€ို α€”ှိပ်ပါ။

ပေါ်α€œာတဲ့α€”ေα€›ာα€€ို α€žα€ိထား α€€ြα€Š့်ပါ။ α€‘α€€α€š်၍ α€’ီα€”ေα€›ာα€™ှာ EFI Partition ဆိုတာα€œေး တွေ့α€™α€š်ဆိုရင် EFI Partition ထတွα€€် 1GB α€œောα€€် ထပ်ပိုင်းပြီး α€›ွေးပေးα€–ို့ α€œိုပါα€œိα€™့်α€™α€š်။ EFI Partition ဆိုတာα€€ို မတွေ့α€›α€˜ူး ဆိုရင်တော့ ထဲထတွα€€် ပိုင်းα€…α€›ာ α€™α€œိုα€˜ူးပေါ့။ ခု 2GB ထပိုင်းα€€ိုတော့ SWAP Area α€€ို α€›ွေးပြီး Continue α€œုပ်ပါα€™α€š်။

Done setting up the partition α€€ို α€›ွေးပြီး continue α€”ှိပ်ပါα€™α€š်။

ခုဆိုရင်တော့ α€€ျွα€”်တော်တို့ပိုင်းα€œိုα€€်တဲ့ swap area partition ပိုင်းα€€ို α€™ြင်ရပါပြီ။ Free space ထဲα€€ို α€žွားပြီး α€”ောα€€်ထပ် partition တွေ ထပ်ပိုင်းပါα€™α€š်။

Create New Partition α€€α€”ေ α€”ောα€€်ထပ် 2GB α€›ေးα€œိုα€€်ပြီးတော့ Continue α€œုပ်ပါα€™α€š်။

α€’ါတွေα€€ α€˜ာα€›ွေးα€›ွေး ရတာတွေပါ။ Continue

α€’ါတွေα€€ α€˜ာα€›ွေးα€›ွေး ရတာတွေပါ။ Continue

α€’ီထဆင့်α€™ှာတော့ Mount Point α€€ို α€žွားပါα€™α€š်။

/boot ဆိုတာα€€ို α€›ွေးပါα€™α€š်။

Done setting up the partition α€œုပ်ပါα€™α€š်

Free Space α€€ို α€›ွေးပြီး create new partition ထပ်α€œုပ်ပါ။

236GB ပဲ α€›ှိတော့တာα€™ို့α€œို့ 180GB α€€ို system partition ထတွα€€် ပေးα€œိုα€€်ပါα€™α€š်။ α€™ိα€™ိတို့α€›ဲ့ HDD ပေါ် α€™ူα€α€Š်ပြီး တွα€€်ပါ။ system (/) Partition ကတော့ ပိုα€™ျားα€™ျား ပေးα€”ိုင်α€œေα€œေ ပိုα€€ောင်းα€œေα€œေပါပဲ။

System partition (/) ထတွα€€် default α€›ွေးပြီးα€žားα€–ြα€…်တာα€€ြောင့်α€™ို့ α€˜ာα€™ှပြင်α€…α€›ာα€™α€œိုပါα€˜ူး။ Done setting up the partition α€œုပ်α€œိုα€€်α€›ုံပါပဲ။

α€€ျα€”်တဲ့ Free Space ထဲ ထပ်ဝင်ပြီး create partition α€œုပ်ပါα€™α€š်။

α€›ှိα€žα€™ျှ GB ထကုα€”်α€œုံးα€€ို α€šူα€œိုα€€်ပါα€™α€š်။

Default ထတိုင်း home partition α€–ြα€…်ပါα€α€š်။ User data တွေα€›ှိα€™α€š့်ထပိုင်း ပါ။ ပြင်α€…α€›ာα€™α€œိုတာα€™ို့ Done setting up the partition α€œုပ်α€œိုα€€်ပါ။

ခုဆိုရင် Kali တင်α€–ို့ထတွα€€် α€œိုထပ်တဲ့ partition ၄ ပိုင်း α€…ုံပြီα€–ြα€…်ပါα€α€š်။ root (/), swap, boot (/boot), Home (/home) ဆိုပြီးတော့ α€–ြα€…်ပါα€α€š်။ swap area α€€ို α€›ွေးခဲ့α€…α€₯်α€€ EFI Partition ပေါ်တဲ့α€€ွα€”်ပျူတာတွေα€™ှာတော့ EFI Partition ပါ α€‘α€Š့်α€›α€™ှာα€™ို့ ၅ ပိုင်း α€–ြα€…်α€”ေα€™ှာပါ။ ထားα€œုံး α€‘α€žα€„့် α€–ြα€…်ပြီα€™ို့ Finish partitioning α€œုပ်ပါတော့α€™α€š်။

HDD α€€ို α€…ီα€…α€₯်α€žα€်α€™ှတ်α€œိုα€€်တဲ့ထတိုင်း partition တွေပိုင်းα€™ှာα€–ြα€…်α€œို့ ထထဲα€™ှာ α€’ေတာတွေα€›ှိα€”ေရင် ပျα€€်α€™α€š်ဆိုတဲ့ထကြောင်း ပြောတာပါ။ Yes α€›ွေးပြီး continue ရပါα€™α€š်။

System install ပြီ α€–ြα€…်ပါα€α€š်။ α€’ီထဆင့်α€™ှာ α€€ြာα€”ိုင်ပါα€α€š်။

Software selection ပိုင်း α€–ြα€…်ပါα€α€š်။ Desktop Environment ပိုင်းα€™ှာα€€ Xfce (default) α€”ဲ့ GNOME α€›α€š်၊ KDE α€›α€š် တွေ့ရပါα€™α€š်။ Default ထတိုင်းပဲ ထားပါ။ (Kali Everything version တင်α€™α€š့်α€žူတွေကတော့ ထောα€€်ဆုံးα€€ large ဆိုတာα€€ိုပါ ထမှα€”်ခြα€…် α€–ြα€Š့်α€–ို့α€œိုပါα€™α€š်။ α€’ါα€™ှ everything α€–ြα€…်α€™ှာပါ။)

Select & Install ထဆင့်α€€ ထကြာဆုံးပါ။ α€…ောင့်α€”ေရင်း screen α€™ှိα€”်α€žွားခဲ့ရင် mouse α€€ို α€œှုပ်α€›ုံα€œေးα€”ဲ့ ရပါα€α€š်။

Network Mirror α€™ေးရင် No α€–ြေα€–ို့ α€œိုပါα€α€š်။

GRUB Boot Loader α€€ို install α€™α€œားα€œို့ α€™ေးတာပါ။ α€™α€–ြα€…်α€™α€”ေ Yes α€›ွေးα€–ို့ α€œိုပါα€α€š်။

α€’ီα€”ေα€›ာα€™ှာ ထမြဲတမ်း α€’ုတိα€šα€…ာတန်းα€€ို α€›ွေးပါ။ VirtualBox α€™ှာα€™α€Ÿုတ်α€˜ဲ dual တင်တဲ့α€žူတွေα€™ှာ α€…α€€်ထခြေထနေပေါ်α€™ူα€α€Š်ပြီး α€…ာတန်းထများα€€ြီး α€›ှိα€”ိုင်ပါα€α€š်။ Continue

α€’ီα€”ေα€›ာα€›ောα€€်ပြီဆိုရင် Stick α€€ို α€–ြုတ်α€œိုα€€်ပါ။ ပြီးα€™ှ continue

ထားα€œုံးပြီးα€žွားတဲ့ထခါ GRUB Boot Menu α€€ို ခုα€œို α€™ြင်ရပါα€™α€š်။ (Kali version ထရ GRUB Menu design α€žα€Š် α€€ွာခြားα€”ိုင်ပါα€α€š်)

username α€”ဲ့ password α€€ို α€™ှα€”်α€€α€”်ထောင်α€–ြα€Š့်ပြီး Login ဝင်α€›ောα€€် α€‘α€žုံးပြုα€”ိုင်ပြီ α€–ြα€…်ပါα€α€š်

Thank you for reading here.

Post a Comment

2 Comments

  1. ubuntu တင်တာα€”ဲ့ α€˜ာတွေမတူတာα€œဲα€—ျ
    ubuntu တင်α€™α€œို့ပါ

    ReplyDelete
  2. α€’ီထတိုင်းပဲ တင်ရင် ထခုချိα€”်α€›ော ထဆင်ပြေα€œားα€—ျ linux α€€ို α€™ျားα€™ျား storage ပေးချင်α€œို့ SSD NVMe(m2) 1TB Ram 8+ extra 16 ပါ Dual bootα€œုပ်ချင်α€œို့

    ReplyDelete

People