Recent in Technology

HackRF One: The Range Myth Is 100 meters really the limit?

 

HackRF One: The Range Myth Is 100 meters really the limit?

HackRF One α€€ α€™ီတာ ၁၀၀ α€œောα€€်ထကွာထဝေးα€™ို့ α€€ြောα€€်α€…α€›ာα€™α€œိုα€˜ူးဆိုတာ α€α€€α€š်ပဲα€œား? GPS Spoofing ထတွα€€်α€œောα€€်ပဲ တွα€€်တတ်ရင်တော့ ထဲα€œိုထင်ရပါα€œိα€™့်α€™α€š်။ α€žို့α€žော် … HackRF One α€€ို Mayhem Firmware α€”ဲ့ Transmit α€œုပ်တဲ့ထခါ Amplifier α€™ှာ Amp α€€ို 0 α€€α€”ေ 14 ထထိထတွင်း ထားα€”ိုင်ပါα€α€š်။ ထိα€™်ထဲα€œို ထတားထဆီးα€™ျားတဲ့ထခြေထနေα€™ှာတောင် ပေ ၁၀၀ α€€ျော်ထိ α€žα€€်α€›ောα€€်α€”ိုင်ပါα€α€š်။ (α€…α€™်းတဲ့ထခါ Amp α€€ို 0 α€”ဲ့ပဲ α€…α€™်းပါ)။

⚙️ Antenna Tuning Tip

GPS L1 frequency ထတွα€€်ဆိုရင် ထင်တင်α€”ာတိုင်α€€ို α€”α€Š်းα€”α€Š်းα€œောα€€်ပဲ ဆွဲထုတ်ထားတာα€€ ပိုပြီး α€œိုင်းα€€ောင်းα€€ောင်းα€œွှင့်α€”ိုင်ပါα€α€š်။ GPS L1 (1.575 GHz) α€›ဲ့ Wavelength α€€ 19cm ဝန်းα€€ျင်α€›ှိပါα€α€š်။ ထင်တင်α€”ာα€žα€˜ောတရားထရ Quarter Wave ထနေထထား α€–ြα€…်α€žα€„့်တာα€™ို့ ၂ α€œα€€်α€™ (5cm) α€œောα€€်α€œေးပဲ ဆွဲထုတ်ထားတာα€€ ပိုα€€ောင်းတာပါ။ ထကုα€”်ဆွဲထုတ်α€œိုα€€်ရင် VHF (FM Radio Range) α€–ြα€…်α€žွားα€œို့ GPS α€œှိုင်းထွα€€် α€™α€€ောင်းတော့ပါα€˜ူး။

Spoofing vs. Jamming Range

Spoofing Range α€”ဲ့ Jamming Range မတူပါα€˜ူး။ α€€ျွα€”်တော် α€…α€™်းထားတဲ့ HackRF One + PortaPack H2 (Default Telescopic Antenna, No Extra Amp) α€”ဲ့ဆိုရင် -

  • Spoofing Range: ထမြင့်ဆုံး α€™ီတာ ၅၀၀ (ပေ ၁၆၀၀ α€€ျော်) ထထိ α€–ုα€”်းတွေ၊ Drone တွေα€›ဲ့ GPS α€€ို α€œှα€Š့်α€…ားα€”ိုင်α€…ွα€™်း α€›ှိပါα€α€š်။
  • Jamming Range: Spoofing α€™α€–ြα€…်တော့ရင်တောင်α€™ှ HackRF α€€α€œွှင့်α€œိုα€€်တဲ့ Signal α€€ Noise ထနေα€”ဲ့ α€€ျα€”်α€”ေα€žေးတဲ့ထတွα€€် α€€ွင်းပြင်α€™ှာဆို 2km ထကွာထဝေးထထိ GPS Receiver တွေα€€ို α€”ှောင့်α€šှα€€်α€”ိုင်ပါα€α€š်။
The Power Physics

ထချို့ထင်α€”ေα€€ြα€žα€œို HackRF α€›ဲ့ ပါဝါα€€ α€”α€Š်းα€α€š်ဆိုပေα€™ဲ့ Max Output α€€ 10-15 dBm α€œောα€€်α€›ှိပါα€α€š်။ α€€ောင်းကင်α€€ ဂြိုα€œ်တုဆီα€€α€œာတဲ့ GPS Signal α€€ -130 dBm (minus) α€œောα€€်ပဲ α€›ှိတာပါ။

ဆိုα€œိုတာα€€ HackRF α€›ဲ့ Signal α€€ ဂြိုα€œ်တု signal ထက် α€€ုဋေပေါင်းα€™ျားα€…ွာ ပိုထားα€€ောင်းα€”ေပါα€α€š်။ Decibel ထရ 140 dB Difference ပါ။ α€”α€Š်းα€”α€Š်းα€œေး α€™α€Ÿုတ်ပါα€˜ူး။ α€’ါα€€ြောင့် α€™ီတာ ၅၀၀ ထကွာထဝေးα€™ှာ Signal ထားပျော့α€žွားရင်တောင် Receiver တွေα€€ HackRF α€€ိုပဲ α€–α€™်းα€™ိα€”ေα€™ှာပါ။

α€žα€ိပေးချα€€်: Default Setup ဆိုပြီး α€œျှော့မတွα€€်ပါα€”ဲ့။ ခင်α€—ျားထိα€™်ထဲα€€α€”ေ Max Power α€”ဲ့ α€œွှင့်α€œိုα€€်ရင် တစ်ရပ်α€€ွα€€်α€œုံး α€€ိုပါ ထိခိုα€€်α€”ိုင်ပါα€α€š်။

How to Test Safely

RF Bag α€™α€›ှိα€œို့ TX Amp α€€ို 0 α€™ှာထားပြီးα€…α€™်းတာတော့ ၃-၄ ပေ ထကွာα€œောα€€်ထိပဲ α€›ောα€€်ပါတော့α€α€š်။ α€’ါα€€ α€…ိတ်ချရတဲ့ α€…α€™်းα€žα€•်α€™ှု Range ပါ။

α€”ောα€€်တစ်ခု α€žα€ိထားα€›α€™ှာα€€ α€œှိုင်းထွα€€်α€™ှာα€€ြောα€€်ပြီး ထင်တင်α€”ာα€–ြုတ်ပြီး α€…α€™်းα€œို့မရပါα€˜ူး။ Chip α€œောင်α€žွားα€”ိုင်ပါα€α€š်။ ထင်တင်α€”ာထစား Dummy Load တပ်ပြီးα€…α€™်းရင်တော့ ထပြင်α€€ို α€œှိုင်းα€œုံးဝမထွα€€်တော့ပါα€˜ူး။

⚠️ Disclaimer: Educational Purpose ထတွα€€်α€žာ α€–ြα€…်ပါα€€ြောင်းα€”ှင့် α€™α€Š်α€žα€Š့်ထရာα€€ိုα€™ျှ ထိခိုα€€်α€…ေα€œိုခြင်းα€™α€›ှိပါα€€ြောင်း၊ α€‘α€œွဲα€žုံးα€…ားမပြုα€€ြပါα€›α€”်α€”ှင့် α€žα€ိပြုα€œေ့α€œာα€€ြပါα€›α€”်။

Post a Comment

0 Comments

People