Recent in Technology

How many passwords will be in my wordlists

ဒီနေ့မှာ ကျွန်တော့်ရဲ့ သင်တန်းသားတစ်ယောက်က မေးခွန်းတစ်ခု မေးလာပါတယ်။ သူက password cracking အတွက် wordlist ဖန်တီးတဲ့အခါ ၈ လုံးပါတဲ့ wordlist တစ်ခုကို ဖန်တီးလိုက်တာ 850MB လောက်ပဲ ရှိပြီးတော့၊ ၁၁လုံး ပါတဲ့ wordlist တစ်ခုကို ဖန်တီးလိုက်တာကျတော့ 1TB လောက်တောင် file size ဖြစ်သွားတယ်။ ဟုတ်နိုင်ပါ့မလား။ တစ်ခုခုများ လွဲနေတာ ဖြစ်နိုင်လားတဲ့

ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ သင်္ချာကို သုံးရမှာပါ။

Possible Combination = Nk ဆိုတဲ့ Formula ကို သုံးပြီးတော့ တွက်ယူနိုင်ပါတယ်။

N က numbers of possible characters ကို ဆိုလိုတာ ဖြစ်ပြီးတော့ အဲထဲမှာ စာလုံးအကြီး အသေး နဲ့ special characters တွေကို ထည့်တွက်ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့က စာလုံး အကြီး အသေး အားလုံးကို သုံးမယ်ဆိုရင် a-z ၂၆ လုံး + A-Z ၂၆ လုံး + 0-9 ၁၀ လုံး + ASCII မှာ common special character ပေါင်း ၃၂ လုံး ရှိတာမို့လို့ အားလုံးပေါင်းရင် ၉၄ လုံး ရှိပါလိမ့်မယ်။ N=94 ဖြစ်ပါတယ်။

k ကတော့ Password length ကို ဆိုလိုတာ ဖြစ်ပြီးတော့ ခု ၁၁ လုံး ထုတ်ယူချင်တာမို့ k=11 ဖြစ်ပါတယ်။ ဒီတော့ formula ထဲမှာ အစားသွင်းမယ်ဆိုရင်

Total Words (Output) = Nk

Total Words (Output) = 9411

Total Words (Output) = 452,592,555,601,246,976

ဒါသည် ထွက်လာမယ့် word အရေအတွက် ဖြစ်ပါတယ်။

ဒါကြောင့် character တစ်ခုကို 1byte တန်ဖိုးနဲ့ တွက်ချက်ကြည့်မယ်ဆိုရင် password တစ်ခုစီမှာ character 11 လုံး ပါတာမို့လို့ 11bytes ရှိပါမယ်။ 1GB မှာ အကြမ်းဖျင်း 230bytes ရှိတာကြောင့်မို့လို့ total output wordlist သည် ဖိုင်ဆိုဒ် 4210GB (or) 4.2TB လောက်ထိ ရှိနိုင်ပါတယ်။

ဒါကြောင့်မို့ Password cracking လုပ်တဲ့အခါမှာ full wordlist တွေနဲ့ လုပ်လေ့မရှိကြတာ ဖြစ်ပါတယ်။ wordlist ကို သိုလှောင်ဖို့ storage ရော၊ create လုပ်ဖို့ အချိန် နဲ့ cracking လုပ်ဖို့ အချိန်တွေရောကိုပါ ထည့်တွက်ကြည့်ရင် အဆင်မပြေလို့ ဖြစ်ပါတယ်။

Thank you for reading

Post a Comment

0 Comments

People