ကြိုးမဲ့ကွန်ယက်များအကြောင်း
Wireless LAN တွေကို အမျိုးအစားခွဲကြည့်မယ်ဆိုရင်တော့ Infrastructure, Pear-to- pear နဲ့ Bridged ဆိုပြီး တွေ့ရပါလိမ့်မယ်။ http://freewimaxinfo.com/wifi-modes.html မှာ ရှင်းပြ ထားတဲ့ WiFi mode လေးတွေကို သဘောကျတာကြောင့် အဲဒါလေးအတိုင်းပဲ ပြန်ရှင်းပြပါရစေ။ အင်တာနက်လိုင်း ရရှိဖို့်အတွက် နဲ့ ဖိုင်တွေကို မျှဝေဖို့်အတွက် ချိတ်ဆက်မှုပုံစံပေါ်မူတည် ပြီး လူသိများတဲ့ အဓိက mode နှစ်မျိုးရှိပါတယ။် Infrastructure Mode နဲ့ Ad Hoc Mode ဆိုပြီး ဖြစ်ပါ တယ်။ ကျွန်တောာ်တို့သုံးနေကြတဲ့ Wireless Adapter တွေကိုတော့ PCI, PCMCIA နဲ့ USB စသည်ဖြင့် ပုံ စံမျိုးစုံတွေ့နေနိုင်ပြီး အဲသည် Network interface တွေမှာ 802.11 စံတွေ ရှိနေပါတယ်။ 802.11 စံတွေ ထဲမှာ Operating Mode နှစ်မျိုးရှိပြီး WiFi ad-hoc mode ကိုတော့ Peer-to-peer mode လို့်ပဲ လူသိများ ကြပါတယ်။ ဒုတိယ mode ကတော့ WiFi Infrastructure mode ဖြစ်ပြီး Hardware ရော Software ရော မှာပါ Configure လုပ်ထားရပါမယ်။
အဆိုပါ mode နှစ်မျိုးစလုံးမှာ Verification လုပ်ဖို့်ရာအတွက် Service Set Identifier (SSID) လိုအပ်ပါတယ်။ Infrastructure Mode မှာဆို Access Point လို့်ခောှတဲ့် AP က SSID ကို သတ် မှတ်ပေးပါတယ်။ ad-hoc mode မှာတော့ Station (STA) ကသာ ဖန်တီးပါတယ်။ Access Point (AP) သည် ခန့်မှန်းခြေအားဖြင့် တစ်စက္ကန့်မှာ ဆယ်ကြိမ်လောက် SSID တွေကို ထုတ်လွှတ်ပေးပါတယ်။ ချိတ်ဆက်အသုံးပြုမယ့် client device က အဆိုပါ ကွန်ယက်ကို ချိတ်ဆက်လိုက်တဲ့အခါမှာတော့ SSID ကို ကြေငြာပေးရပြန်ပါတယ်။ ဒီ အခြေခံနည်းစနစ်ကို အသုံးပြုပြီးတော့ wireless sniffer တွေသည် network name တွေနဲ့ အခြား စိတ်ဝင်စားစရာ အချက်အလက်တွေကို စုဆောင်းနိုင် ခွဲခြားနိုင်တာဖြစ်ပါတယ။် ပုံစံ နှစ်မျိုးကို တစ်ခုစီ ဆွေးနွေးကြည့်ကြပါစို့်။
Infrastructure Mode
ကျွန်တော်တို့် ကွန်ပျူတာတွေ၊ ဖုန်းတွေနဲ့ Wifi Network တစ်ခုကို ချိတ်ဆက်သုံးကြည့် မယ် ဆိုကြပါစို့်။ ကျွန်တော်တို့်ကွန်ပျူတာက ချိတ်ဆက်ယူသုံးမယ့် Client ပေါ့်။ ကျွန်တော်တို့်က ဘယ် လိုင်းကို ချိတ်ဆက်သုံးကြမလဲ။ အဲသည်မှာ WiFi လွှင့်ပေးမယ့် Access Point (AP) ရှိနေဖို့် လိုအပ်လာပါပြီ။ Wireless Access Point (AP) သည် router တစ်လုံးလည်း ဖြစ်နေနိုင်သလို၊ ကျွန်တော်တို့် အနီးမှာ WiFi မရနိုင်ဘူးဆိုရင် ကျွန်တော်တို့်ရဲ့ ဖုန်းကနေ Hotspot လွှင့်နိုင်တာမို့် ဖုန်းတစ်လုံးလည်း ဖြစ်နေနိုင်ပါ တယ်။ Infrastructure Mode မှာ WiFi ချိတ်ဆက်သုံးလာကြမယ့် Client တွေကို များစွာကို ချိတ် ဆက်ခွင့်ပေးနိုင်ပါတယ်။ Configurationလုပ်ရတာလည်းမခက်ခဲပါဘူး။သာမန်အားဖြင့် Router တစ်ခု ကို ဖွင့်ပြီးတာနဲ့ သူနဲ့ ဘယ်လို ချိတ်ဆက်ရမယ်ဆိုတဲ့ Key ရယ်၊ Admin အတွက် username နဲ့ password ရယ် ပါဝင်ပြီး ဖြစ်ပါတယ်။ အဲသည်အတိုင်း ချိတ်သုံးလည်း ရပေမယ့် Default Setting သည် လုံခြုံမှုရှိမှာ မဟုတ်ပါဘူး။
ပြန်ခြုံပြောရရင် Infrastructure Mode မှာ AP တစ်ခုနဲ့ Station တစ်ခုတော့ အနည်းဆုံး ရှိရပါမယ်။ အဲဒါနှစ်ခုပေါင်းပြီး Basic Service Set (BSS) ဖြစ်ပါတယ်။ AP သည် ယေဘုယျအားဖြင့် Distribution System (DS) လို့်ခေါ်တဲ့ Wired-network တစ်ခုကို လှမ်းပြီး ချိတ်ဆက်ပါတယ်။ တူညီတဲ့ wired-network တစ်ခုတည်းကိုပဲ AP (Access Point) တစ်ခုထက်ပြိုပီး ချိတ်ဆက်မိတဲ့အခါမှာတော့ ESS လို့်ခေါ်တဲ့ Extended Service Set ဆိုတာ ဖြစ်ပေါ်ပါတယ်။
ပုံမှာကြည့်ပါ။ DS ထံကနေ AP တွေက ချိတ်ဆက်ဆက်သွယ်ပြီး wireless connection အဖြစ် ပြန်ဖြန့်ပေးပါတယ်။ အဲသည်မှာ client တွေ ဝင်ချိတ်ပြီး သုံးကြတယ်။ BSS ဖြစ်ပေါ် တယ်။ AP နှစ်ခု သို့်မဟုတ် နှစ်ခုထက်ပိုပြီး ချိတ်ဆက်လာကြတဲ့အခါ ESS ဖြစ်သွားပါတယ်။ ကြုံတုန်းလေး နည်းနည်း ထပ်ဖြည့်ပြောရရင် Linux System တွေမှာ STA အဖြစ် လုပ်ဆောင်ခြင်းကို Managed Mode လို့် ခေါ်ကြပြီးတော့ AP အလုပ်လုပ်ဆောင်ခြင်းကို Master Mode လို့် ခေါ်ကြပါတယ်။ Managed Mode နဲ့ MasterMode လို့်တွေ့ခဲ့ရင်မသိမှာစိုးလို့် မှတ်ထားသင့်ပါတယ်။
2 Comments
LC Family
ReplyDeleteLC Family
ReplyDelete