Pentest Report Checklist
Ensure Quality, Coverage & Compliance
Pentest Report တစ်စောင်ဟာ Red Team Report နဲ့မတူဘဲ "Coverage" (လွှမ်းခြုံနိုင်စွမ်း) ကို ဦးစားပေးရပါမယ်။ Client အနေနဲ့ သူတို့ System မှာ ရှိသမျှ အားနည်းချက်အားလုံး (Low ကနေ Critical အထိ) ကို သိလိုကြပါတယ်။ အောက်ပါ Checklist ကိုသုံးပြီး Report ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးပါ။
1
Executive Summary (Non-Technical)
-
Overall Security Posture System တစ်ခုလုံးရဲ့ လုံခြုံရေးအဆင့် (Poor, Average, Good) ကို အနှစ်ချုပ် ဖော်ပြခြင်း။
-
Business Risk Translation Technical Jargon မသုံးဘဲ ငွေကြေး/ဥပဒေပိုင်းဆိုင်ရာ ထိခိုက်နိုင်မှုကို ရှင်းပြခြင်း။
-
Visual Graphs Pie Chart သို့မဟုတ် Bar Graph သုံးပြီး Risk Distribution (Critical, High, Medium) ကို ပြခြင်း။
2
Scope & Methodology
-
Target Definition စစ်ဆေးခဲ့သော URL များ၊ IP Address များ၊ API Endpoint များ စာရင်း။
-
Testing Standard OWASP Top 10, PTES သို့မဟုတ် NIST စသည့် ဘယ် Standard ကို ကိုးကားခဲ့သလဲ။
-
Testing Type Black Box, Grey Box (with credentials), or White Box ဖြစ်ကြောင်း ဖော်ပြချက်။
3
Detailed Technical Findings
-
Clear Titles & Severity Finding တစ်ခုချင်းစီအတွက် တိကျသော ခေါင်းစဉ်နှင့် Risk Level (e.g., Critical)။
-
CVSS Score & Vector စံချိန်မီ CVSS v3.1/4.0 Score တွက်ချက်မှု (e.g., 9.8 Critical)။
-
Affected Assets ဘယ် URL, ဘယ် Parameter မှာ ဖြစ်နေတာလဲ (Location)။
-
Evidence (Screenshots/Logs) HTTP Request/Response များ၊ URL Bar ပါသော Screenshot များ။
4
Reproduction Steps (ပြန်လည်စမ်းသပ်ရန်)
-
Step-by-Step Guide Developer ကိုယ်တိုင် ပြန်စမ်းကြည့်လို့ရမည့် အဆင့်ဆင့် လမ်းညွှန်ချက်။
-
Payloads Used တိကျသော Attack Payload များ (e.g., `' OR 1=1 --`) ကို Code Block ဖြင့် ပြခြင်း။
5
Remediation (ဖြေရှင်းနည်း)
-
Root Cause Analysis ပြဿနာ၏ အရင်းအမြစ် (ဥပမာ - Missing Input Validation) ကို ထောက်ပြခြင်း။
-
Code-Level Fixes Generic Advice မဟုတ်ဘဲ၊ နမူနာ Secure Code (PHP, Python, Java) ကို ထည့်သွင်းပေးခြင်း။
-
References OWASP Cheatsheets သို့မဟုတ် Official Documentation Link များ။
0 Comments