Red Team Report Checklist
The Ultimate Guide for Professional Reporting
Red Team Operation တစ်ခုလုပ်တယ်ဆိုတာ Vulnerability တွေကို ရှာဖွေရုံသက်သက် မဟုတ်ပါဘူး။ အဖွဲ့အစည်းတစ်ခုရဲ့ "Detection & Response" စွမ်းရည်ကို စမ်းသပ်တာဖြစ်ပါတယ်။ ဒါကြောင့် Report ရေးတဲ့အခါမှာလည်း "Business Risk" နဲ့ "Storytelling" ကို ဦးစားပေးရပါတယ်။
1
Document Control (စာရွက်စာတမ်း ထိန်းချုပ်မှု)
-
Version History Draft, Review, Final ဆိုပြီး ရက်စွဲနဲ့တကွ ပြင်ဆင်မှု မှတ်တမ်း။
-
Confidentiality Marking "Strictly Confidential" သို့မဟုတ် "Internal Use Only" တံဆိပ်။
-
Distribution List ဒီ Report ကို ဘယ်သူတွေ ဖတ်ခွင့်ရှိလဲ (CEO, CISO, SOC Lead, etc.)။
2
Executive Summary (စီမံခန့်ခွဲသူများအတွက်)
-
BLUF (Bottom Line Up Front) လိုရင်းတိုရှင်း အဖြေ။ (ဥပမာ - "ကျွန်တော်တို့ ၄ ရက်အတွင်း Data ခိုးထုတ်နိုင်ခဲ့ပါတယ်")။
-
Key Statistics Time to Initial Compromise နှင့် Time to Domain Admin ကြာချိန်များ။
-
High-Level Attack Graph နည်းပညာနားမလည်သူတွေ မြင်သာအောင် Attack Path ကို ပုံနဲ့ ပြခြင်း။
-
Business Risk Impact ငွေကြေး/ဂုဏ်သိက္ခာ ဆုံးရှုံးနိုင်မှုကို မီးမောင်းထိုးပြခြင်း။
3
Scope & Rules of Engagement
-
In-Scope Assets IP Ranges, Domains, Physical Locations.
-
Excluded Assets DoS attack မလုပ်ရ၊ Production Server တွေကို မထိရ စသဖြင့်။
-
Objectives / Flags Operation ရဲ့ ပစ်မှတ်က ဘာလဲ? (ဥပမာ - Accessing CEO's Email)။
4
The Attack Narrative (တိုက်ခိုက်မှု ဇာတ်လမ်း)
-
Chronological Timeline ဘယ်နေ့၊ ဘယ်အချိန်မှာ ဘာစလုပ်ခဲ့လဲ ဆိုသည့် အချိန်မှတ်တမ်း။
-
MITRE ATT&CK Mapping အဆင့်တိုင်းမှာ TTPs (Tactics, Techniques, and Procedures) ကုဒ်တွေ တပ်ပေးခြင်း။
-
Visual Diagrams Screenshots တွေ၊ Network Map တွေနဲ့ တွဲဖက် ဖော်ပြခြင်း။
5
Blue Team Analysis (ခုခံမှု စွမ်းရည်)
-
Detection Gap Matrix Detected (သိတယ်)၊ Missed (မသိဘူး)၊ Blocked (ပိတ်နိုင်တယ်) ခွဲခြားပြခြင်း။
-
Timestamp Comparison Red Team တိုက်ခိုက်ချိန် vs Blue Team မြင်ရချိန် ကွာဟချက်။
6
Technical Findings
-
Vulnerability Details Name, Severity, CVSS Score.
-
Proof of Concept (PoC) ပြန်လည် စမ်းသပ်နိုင်မည့် Code သို့မဟုတ် Command များ။
-
Specific Remediation Patch တင်ရုံမကဘဲ Config ဘယ်လို ပြင်ရမယ်ဆိုတာ အသေးစိတ် လမ်းညွှန်ချက်။
7
Post-Engagement Cleanup
-
Artifacts Removed Malware files, Shell scripts တွေကို ဖျက်ပြီးပြီလား။
-
Created Accounts Deleted စမ်းသပ်ဖို့ ဆောက်ခဲ့တဲ့ User အတုတွေကို ပြန်ဖျက်ပြီးပြီလား။
0 Comments