Recent in Technology

Ex-Amazon engineer gets three years for hacking DeFi platforms

**Ex-Amazon engineer gets three years for hacking DeFi platforms

decentralized finance platform ၂ ခုα€€ို hack ခဲ့ပြီးတော့ α€’ေါ်α€œာα€žα€”်းပေါင်းα€™ျားα€…ွာ တန်α€€ြေးα€›ှိတဲ့ cryptocurency တွေα€€ို ခိုးα€šူခဲ့α€žူ α€‘α€žα€€် ၃၄ α€”ှα€…် ထရွα€š် Shakeeb Ahmed ဆိုα€žူ ကတော့ ထောင်ဒဏ် ၃ α€”ှα€…် α€€ျခံရပြီ α€–ြα€…်ပါα€α€š်။ (α€žူα€€ ထရင်တုα€”်းα€€ Amazon.com α€™ှာ software engineer ထဖြα€…် α€‘α€œုပ်α€œုပ်ခဲ့α€žူပါ)

α€’ီထမှုထတွα€€် α€žူ့α€€ို ခရိုင်တရားα€žူα€€ြီး Victor Marrero α€€ ပြီးခဲ့တဲ့ α€žောα€€ြာα€”ေ့α€™ှာ α€…ီရင်ချα€€် ချခဲ့တာ α€–ြα€…်ပါα€α€š်။ DeFi platform တွေα€™ှာ fake pricing data တွေα€‘α€Š့်α€žွင်းα€–ို့ α€€ြိုးα€…ားပြီး hack ခဲ့တာ α€–ြα€…်ပါα€α€š်။ α€’ီα€”α€Š်းα€œα€™်းα€”ဲ့ US$ αα‚α€žα€”်းα€œောα€€်α€€ို α€žူ့α€›ဲ့ wallet ထဲα€€ို α€›α€šူခဲ့တာပါ။ DeFi platform တွေα€€ို smart contracts တွေα€œို့ ခေါ်ပါα€α€š်။ α€€ြိုတင်α€žα€်α€™ှတ်ထားတဲ့ ထခြေထနေတွေα€”ဲ့ α€€ိုα€€်α€Šီα€žွားတဲ့ထခါ ငွေပေးငွေα€šူα€€ိα€…္စတွေα€€ို α€‘α€œိုα€‘α€œျောα€€် α€œုပ်ဆောင်ပေးတဲ့ α€€ွα€”်ပျူတာပရိုဂရမ်တွေ α€–ြα€…်ပါα€α€š်။ α€žူ hack ခဲ့တဲ့ platform ၂ ခုထဲα€™ှာ တစ်ခုα€€ိုတော့ ထစိုးα€›α€›ှေ့α€”ေတွေα€€ို α€–ော်ထုတ်α€”ိုင်ခြင်း α€™α€›ှိα€žေးပါα€˜ူး။ α€žို့α€žော်α€œα€Š်း ထချα€€်α€‘α€œα€€်တွေထရတော့ Crema Finance α€œို့ ပြα€Šွှα€”်α€”ေပါα€α€š်။ α€€ျα€”်တဲ့တစ်ခုα€€ Nirvana Finance α€–ြα€…်ပြီးတော့ α€žူ hack ခဲ့တာ 2022 July α€€α€α€Š်းကပါ။ α€žူ hack ပြီးတဲ့α€”ောα€€် ပိတ်α€žွားα€œိုα€€်ရတဲ့ Finance ပါ။ ထမှုα€€ို ခုα€™ှ α€…ီရင်ချα€€်ချα€”ိုင်ခဲ့တာ α€–ြα€…်ပါα€α€š်။

Ahmed α€žα€Š် Amazon α€™ှာတုα€”်းα€€ cybersecurity ပိုင်းα€™ှာ α€‘α€œုပ်α€œုပ်ခဲ့α€žေးပြီး company α€›ဲ့ bug bounty program ပိုင်းα€™ှာ α€žူα€€ ခေါင်းဆောင် α€–ြα€…်ပါα€α€š်။ Bug Bounty Program ဆိုတာα€€ software တွေα€›ဲ့ vulnerability တွေα€€ို α€›ှောα€–ွေα€–ော်ထုတ်ပြီး report တင်α€œာα€™ှုပေါ် ဆုα€€ြေးငွေ ပြα€”်α€œα€Š်ချီးα€™ြင့်တဲ့ ထစီα€…α€₯်α€™ျိုး α€–ြα€…်ပါα€α€š်။

α€’ီပြα€…်α€™ှုα€™ျိုးထတွα€€် ထောင်ဒဏ် ၄ α€”ှα€…် ချα€™ှတ်α€–ို့ ထစိုးα€›α€›ှေ့α€”ေတွေα€€ ထကြံပြုခဲ့α€€ြပါα€α€š်။ α€žို့α€žော် Ahmed α€€ α€žူ α€›α€šူထားတာတွေα€€ိုα€œα€Š်း ပြα€”်ပေးခဲ့တဲ့ထပြင် ထပြα€…်α€€ိုα€œα€Š်း ဝန်ခံခဲ့ပြီး တာဝန်α€šူခဲ့α€™ှုα€€ြောင့်α€›α€š်၊ α€›α€šူထားα€žော ငွေα€€ြေးတွေထဲα€€α€”ေ α€žူ့α€›ဲ့ α€Šီမတစ်α€₯ီး ဆေးα€€ုα€žα€™ှုထတွα€€် α€œိုထပ်တာတွေα€œောα€€်α€€ိုα€žာ ထုတ်α€šူα€žုံးခဲ့တာα€€ြောင့်α€›α€š်α€€ို Ahmed α€›ဲ့ α€›ှေ့α€”ေတွေα€€ ထောα€€်ပြα€”ိုင်ခဲ့တာα€€ြောင့် ထောင်ဒဏ် ၁ α€”ှα€…် α€œျော့α€žွားခဲ့တာ α€–ြα€…်α€”ိုင်ပါα€α€š်။ Ahmed α€€ ဆော်α€’ီထာα€›ေးα€—ီးα€šား α€€α€”ေ ပြောင်းα€œာခဲ့α€žူα€–ြα€…်ပြီး ပြα€…်α€™ှုα€€ျူးα€œွα€”်ချိα€”်α€™ှာ α€…ိတ်α€€ျα€”်းα€™ာα€›ေး ထိခိုα€€်α€”ေα€€ြောင်းα€œα€Š်း ချေပကြပါα€žေးα€α€š်။

Ahmed α€€ိုα€š်တိုင်ကတော့ α€’ီα€œိုပြောခဲ့ပါα€α€š်။ "Filled with shame and disappointment," α€žူ့α€œုပ်ရပ်α€€ α€›ှα€€်α€…α€›ာ၊ α€…ိတ်ပျα€€်α€…α€›ာတွေα€”ဲ့ ပြα€Š့်α€”ေခဲ့ပါα€α€š်တဲ့။ "It was more akin to a cheat code in a video game than a hack that undermined the financial system," α€’ါပေα€™ဲ့α€œို့ α€’ါα€€ ငွေα€€ြေးဆိုင်α€›ာ α€…α€”α€…်တစ်ခုα€€ို Hack α€α€š်ဆိုတာα€™ျိုးထက် α€—ီα€’ီα€šိုဂိα€™်းတွေထဲα€™ှာ cheat ပြီးဆော့တာα€™ျိုးα€œောα€€်ပါပဲα€œို့ ဆိုခဲ့ပါα€žေးα€α€š်။

α€’ါပေα€™α€š့် α€’ါα€€ိုတော့ ထစိုးα€›α€›ှေ့α€”ေတွေα€€ α€žα€˜ောမတူခဲ့ပါα€˜ူး။ Ahmed α€€ို ထောင်ဒဏ် ၄ α€”ှα€…် ချα€–ို့ပဲ တောင်းဆိုခဲ့α€€ြပါα€α€š်။ α€”ောα€€်ဆုံးα€™ှာတော့ α€’ီဂျα€…်α€α€š်ခေတ်α€™ှာ α€›ာဇဝန်α€™ှုတွေα€žα€Š် α€”ောα€€်ဆက်တွဲ ထကျိုးဆက်တွေα€€ိုပါ α€žα€š်ဆောင်α€œာα€”ိုင်α€€ြောင်း ပြင်းထန်တဲ့ α€žα€ိပေးချα€€်ထဖြα€…် α€”α€™ူα€”ာ ဆိုတဲ့ ပုံα€…ံα€™ျိုးα€”ဲ့ ထောင်ဒဏ် ၃ α€”ှα€…် α€€ျခံα€…ေα€–ို့ တရားα€žူα€€ြီးα€€ ဆုံးα€–ြတ်ခဲ့တာ α€–ြα€…်ပါα€α€š်။ α€’ီထဖြα€…်α€€α€”ေ α€žα€„်ခန်းα€…ာ α€šူα€”ိုင်α€–ို့ α€œိုပါα€α€š်။ Behind every line of code lies the potential for both creation and destruction. α€€ုα€’်α€œိုင်းα€œေးတွေα€›ဲ့ α€”ောα€€်α€€ွα€š်α€™ှာ α€–ြα€…်α€”ိုင်တဲ့α€‘α€œားα€‘α€œာ ၂ ခု α€›ှိα€”ေပါα€α€š်။ α€–α€”်တီးα€™ှာα€œား α€–ျα€€်α€…ီးα€™ှာα€œား ဆိုတာα€€ိုတော့ α€žα€„့်α€›ဲ့ α€€ိုα€š်α€€ျင့်တရားα€”ဲ့ ဆုံးα€–ြတ်α€›α€™ှာပါပဲ။

Ref: *Bloomberg*

---

α€’ီဂျα€…်α€α€š်α€”α€š်α€•α€š်α€™ှာ α€œူα€€ောင်းတွေ၊ α€œူဆိုးတွေα€›ှိα€€ြပါα€α€š်။ α€˜α€š်α€žူα€€ α€œူα€€ောင်းα€œဲ၊ α€˜α€š်α€žူα€€ α€œူဆိုးα€œဲဆိုတာα€€ို ထပေါ်α€šံα€œောα€€်α€”ဲ့ α€€ြα€Š့်ပြီး ဆုံးα€–ြတ်α€œို့ α€™α€›α€”ိုင်ပါα€˜ူး။ α€’ါα€€ြောင့်α€™ို့ α€žα€ိ α€”ဲ့ α€‘α€žိ α€›ှိα€”ေα€–ို့ α€œိုထပ်ပါα€α€š်။ πŸ•΅️‍♂️πŸ’»πŸ”

Thank You for reading here. `

Post a Comment

0 Comments

People