
Pentesting နဲ့ Bug Bounty Hunting: တကယ့်ကွာခြားချက်က ဘာလဲ?
အပေါ်ယံကြည့်ရင် Pentesting နဲ့ Bug Bounty Hunting က တူညီတယ်လို့ ထင်စရာရှိပါတယ်။ အားနည်းချက်တွေရှာဖွေတာချင်း တူတာကိုး။ ဒါပေမယ့် အလုပ်လုပ်ပုံမှာ သူတို့ဟာ အတိုင်းအတာ၊ အတွေးအမြင်၊ ဘာကို “တရားဝင်တွေ့ရှိမှု” အဖြစ်မှတ်ယူသလဲ ဆိုတာမှာ အတော်လေးကွာခြားပါတယ်။
🔍 ၁။ အတိုင်းအတာဆိုတာက
Pentester တွေက အရာအားလုံးကိုကြည့်ဖို့ ငွေရကြတယ်။ ရည်မှန်းချက်က web apps, APIs, mobile apps, infrastructure အထိ အပြည့်အဝစစ်ဆေးဖို့ပါ။ Bug Bounty Hunter တွေကတော့ ကန့်သတ်ထားတဲ့အတိုင်းအတာနဲ့ သက်ရောက်မှုရှိတဲ့ bug တွေကိုသာ အာရုံစိုက်တယ်။
လက်တွေ့ဥပမာ: Pentester တစ်ယောက်က staging subdomain မှာ out of date ဖြစ်နေတဲ့ WordPress plugin တစ်ခုကိုတွေ့တယ်။ ဒါကိုအသုံးချလို့မရပေမယ့် ပြန်အစီရင်ခံလို့ရတယ်။ Bug Bounty Hunter ဆိုရင်တော့ ခင်ဗျားတို့ site မှာ out of date plugin တစ်ခုရှိနေတာတွေ့တယ်ဆိုပြီး သွား report လုပ်လို့ မရပါဘူး။ ဒီတော့ ဒီ out of date pluggin ကနေ ဘယ်လို သက်ရောက်မှု (impact) ရှိနေမလဲ ဆိုတာကို ရှာဖွေလုပ်ဆောင်ပြီး သက်သေပြဖို့ လိုတယ်။ ဥပမာ - Remote Code Execution (RCE) လိုမျိုး တကယ်ထိခိုက်နိုင်မှုရှိတယ်ဆိုတာကို သက်သေပြဖို့လိုပါတယ်။
🚨 ၂။ သက်ရောက်မှု
Pentester တွေက သီအိုရီအရအန္တရာယ်တွေကို အစီရင်ခံနိုင်တယ်။ ဆိုလိုတာက ဒါကတော့ အားနည်းတယ်၊ နောက်ဆက်တွဲအဖြစ် ဒါတွေဆက်ဖြစ်လာနိုင်တယ် စသည်ဖြင့် သီအိုရီအရ ဖော်ပြ report တင်ရုံပဲ။ Bug Bounty Hunter တွေကတော့ သက်ရောက်မှုကိုပြရမယ်။ မဟုတ်ရင် "ဘာတွေလာပြောနေတာလဲ" ဆိုပြီး ဖြစ်သွားမှာ။
ဥပမာ: Pentester တစ်ယောက်က weak password policy ကို သတိထားမိတယ်ဆိုပါစို့။ "မင်းတို့ site မှာ weak password policy ရှိတယ်။ ဒါက password bruteforcing လိုမျိုး လုပ်ဆောင်ချက်တွေကို ခံရနိုင်တယ်" ဆိုတာမျိုး report တင်လိုက်လို့ ရတယ်။ ကိစ္စမရှိဘူး။ ဒါသူ့အလုပ်ကိုး။ Bug Hunter ကျတော့ ဒီတိုင်းသွားပြောလို့ ဘယ်သူကမှ bounty ပေးမှာမဟုတ်ပါဘူး။ အဲသည် weak password policy ကို အသုံးချပြီး account တစ်ခုကို ရအောင် ယူပြနိုင်ဖို့ လိုအပ်လာတယ်။ impact ကို သက်သေပြနိုင်ဖို့လိုတယ်။
🧠 ၃။ အတွေးအမြင်
Pentester တွေက အထွေထွေကျွမ်းကျင်သူတွေဖြစ်ပြီး လွယ်လွယ်ကူကူရနိုင်တဲ့အရာတွေကိုတောင်အစီရင်ခံလို့ရတယ်။ Bug Hunter တွေကတော့ XSS, SSRF, IDOR စတဲ့နယ်ပယ်တစ်ခုခုကိုအထူးပြုပြီး နက်နက်နဲနဲသွားရတတ်တယ်။
ဥပမာ: Content-Security-Policy
header ပျောက်နေလား? Pentester က ဒါကို report လုပ်မယ်။ Bug Hunter ကတော့ ဒီလောက်တွေ့ရုံနဲ့မရဘူး။ ဒါကိုသုံးပြီး XSS လုပ်လို့ရမလား? ဘယ်လို attack မျိုးကို လုပ်လို့ရစေမလဲ စသည်ဖြင့် impact ကို ရှာပြနိုင်ရမယ်။
🧪 ၄။ စမ်းသပ်မှုပတ်ဝန်းကျင်
Pentesting ကို test credentials တွေနဲ့ ထိန်းချုပ်ထားတဲ့ပတ်ဝန်းကျင်မှာလုပ်တယ်။ Bug Bounty ကတော့ အများအားဖြင့် အခြားသူတွေနဲ့ပြိုင်ရတဲ့ live systems တွေမှာလုပ်ရတယ်။
ဥပမာ: Pentester တစ်ယောက်က auth flaws တွေစစ်ဖို့ test credentials တွေရတယ်။ Bug Hunter ကတော့ ကိုယ်တိုင် register လုပ်ပြီး စမ်းသပ်ရတာမျိုး (သို့) role တွေကို ခန့်မှန်းလုပ်ဆောင်ရတာမျိုးတွေ လုပ်ရတယ်။ Ethic ကတော့ အားလုံးအတွက် အရေးပါပါတယ်။
🧾 ၅။ အဖြစ်များတဲ့တွေ့ရှိချက်များ
တွေ့ရှိချက် | Pentest | Bug Bounty |
---|---|---|
အားနည်းတဲ့ Password Policy | အန္တရာယ်အဖြစ်အစီရင်ခံ | Account ချိုးဖျက်မှသာအရေးထား |
Account Lockout မရှိခြင်း | အစီရင်ခံ | တကယ့် brute-force ဥပမာလိုအပ် |
User Enumeration | တရားဝင်တွေ့ရှိချက် | အကောင့်တစ်ခုကိုထိပါးနိုင်မှသာ |
HTTPOnly Flag ပျောက်နေခြင်း | မှားယွင်းစီမံခန့်ခွဲမှုအဖြစ်အစီရင်ခံ | XSS နဲ့သက်ရောက်မှုပြရမည် |
ခေတ်နောက်ကျနေသော Libraries | CVEs တွေနဲ့အတူစာရင်းပြု | အသုံးချနိုင်ကြောင်းပြရမည် |
အားနည်းသော SSL Ciphers | အစီရင်ခံစာတွင်ပါဝင် | တကယ့်တိုက်ခိုက်မှုကိုဖြစ်စေမှသာအရေးထား |
🌐 လက်တွေ့အသုံးချ Tool များ
ဥပမာ ၁: securityheaders.com scan: မှာ khitminnyo.us က "C" အဆင့်ရတယ်။ Pentester ကအစီရင်ခံတယ်။ Bug Hunter ကတော့ တကယ့်အားနည်းချက်ဖြစ်မှသာအရေးထားတယ်။
ဥပမာ ၂: SSL Labs test မှာ အားနည်းတဲ့ ciphers တွေပြတယ်။ Pentester ကအစီရင်ခံတယ်။ Bug Hunter ကတော့ အသုံးချလို့ရမှသာအရေးထားတယ်။
🎯 နိဂုံးချုပ်
- Pentesting = အရာအားလုံးကိုစစ်ဆေး။ သေးငယ်တဲ့ပြဿနာတွေတောင်အစီရင်ခံ။
- Bug Bounty = သက်ရောက်မှုသာလိုအပ်။ အသုံးမချနိုင်ရင်အစီရင်ခံမထိုက်။
🧢 သင်ဘယ်လိုဦးထုပ်ဆောင်းထားလဲ?
သင်က Pentester လား၊ Bug Bounty Hunter လား၊ သင့်အတွေးအမြင်က ရည်မှန်းချက်နဲ့ကိုက်ညီရမယ်:
- Pentester: “ဒါအားနည်းနေလား?”
- Bug Hunter: “ဒါကိုအသုံးချပြီး ဘယ်လိုထိခိုက်နိုင်လဲ?”
ဒီကွာခြားချက်ကိုနားလည်ရင် သင်ဘယ်ဘက်ကဖြစ်ဖြစ် ပိုကောင်းတဲ့ရလဒ်တွေရနိုင်မှာပါ။
0 Comments