Wireless Packet များ
ပုံမှာ 802.11 Mac Frame ကို တွေ့နိုင်ပါတယ်။ ပုံကိုကြည့်ပြီး နားမလည်ရင် စိုးရိမ်စရာမရှိပါဘူး။ စကြည့်ဖူးစက ကျွန်တော်လည်း ဘာမှ သေချာမသိခဲ့ပါဘူး။ တစ်ဆင့်စီ သိလာမှာပါ။ အဲသည်တော့ သိသင့်သိရာလေးတွေကို တစ်ခုစီ ဆက်ဆွေးနွေးသွားရအောင်ခင်ဗျ။
သိမှတ်စရာလေးများ
- Protocol Version: Protocol Version သည် အသုံးပြုထားသော 802.11 protocol version ကို ဖော်ပြပါတယ်။
- Type & Subtype: Type & Subtype ကတော့် Control, Data နဲ့ Management ဆိုတဲ့ Frame တွေရဲ့ Function ကို ဖော်ပြပေးပါတယ်။ Control (Value 1), Data (Value 2) နဲ့ Management (Value 3) ဆိုတဲ့ Frame Type Field သုံးခု ရှိပြီးတော့ Frame Type Field တစ်ခုချင်းစီမှာ သူတို့် နဲ့ ပူးတွဲလုပ်ဆောင်ဖို့်ရာအတွက် သီးခြားလုပ်ဆောင်ချက်တွေကို ဖော်ပြနိုင်စေဖို့် Sub Type တွေ ထပ်မံ တည်ရှိနေပါသေးတယ်။
- Retry: Retry ကတော့ Frame တစ်ခုကို ထုတ်လွှင့်လိုက်ပြီဖြစ်ကြောင်း ညွှန်ပြပေးပါတယ်။
- To DS & From DS: သူကတော့ Frame တွေရဲ့ အဝင်အထွက်ကို ဖော်ပြပေးတာပါ။
- Power Mgmt: Power management ပေါ့။ သူကတော့ STA သည် Value 0 နဲ့ Active mode မှာ ရှိနေသလား၊ ဒါမှမဟုတ် Value 1 နဲ့ Power-save Mode မှာ ရှိနေသလားဆိုတာကို ညွှန်ပြပေးပါတယ်။
- WEP: WEP ကတော့် Frame ထဲမှာ encryption နဲ့ authentication အသုံးပြုထားခြင်းရှိ မရှိကို ညွှန်ပြပေးပါတယ်။
အထက်ပါ အချက်အလက်အချို့ကိုတော့ မှတ်သားထားဖို့် လိုအပ်မှာဖြစ်ပါတယ်။ အလွတ်ကျက်ထားရမယ်လို့် မဆိုလိုပါ။ မှတ်မိအောင်လေး ဖတ်ထားရင် ရပါပြီ။
Frame အမျိုးအစားပေါ်မူတည်ပြီး Duration (ID) ကို Station Association Identity (AID) [Type 1: Subtype 10] ရှိတဲ့ Power Save Poll လို့်လည်း သတ်မှတ်နိုင်သလို၊ Network Allocation Vector (NAV) ကို တွက်ချက်ရာမှာ သုံးတဲ့ Duration Value [Order] လို့်လည်း သတ်မှတ်နိုင် ပါတယ်။ Order သည် Strictly Ordered Service ကို သုံးပြီး Frame တွေ ပေးပို့်လိုက်နိုင်ခြင်းကို ညွှန်ပြပြီး ပုံမှန်ဆိုရင်တော့ Order Field ကို သတ်မှတ်ပေးထားခြင်း မရှိပါဘူး။
လိပ်စာများအကြောင်း
To DS နဲ့ From DS တွေပေါ် မူတည်အခြေပြုပြီးတော့ လိပ်စာတွေ တည်ရှိနေနိုင်တဲ့ အခြေအနေတွေကို အောက်ပါ ဇယားကွက်လေးနဲ့ ဖော်ပြပါရစေ။
အထက်ပါ ဇယားကွက်မှာ ကြည့်ရင် ပထမဆုံးအတန်းက IBSS Mode ကို နမူနာ ပြထား တာ ဖြစ်ပါတယ်။ STA နှစ်ခု တစ်ခုနဲ့တစ်ခု ချိတ်ဆက်သွားချိန်မှာ From DS ရော To DS ရောမှာ ဘာမှ သတ်မှတ်ထားခြင်းမရှိသေးဘဲသုညဖြစ်နေတာတွေ့ရပါလိမ့်မယ်။
ဒုတိယ row မှာတော့ From DS မှာပဲ 1 လို့် သတ်မှတ်ထားတာတွေ့ရမှာဖြစ်ပြီး ဒါက AP က STA ကို ပြောလိုက်တဲ့အခါမှာ ဖြစ်ပါတယ်။
တတိယ row မှာတော့် ToDS bit မှာသာ 1 ကို တွေ့ရမှာပါ။ From DS မှာ zero ပါ။ ဒါက STA က AP ကို ပြန်ပြောလိုက်တဲ့အခါမှာ ဖြစ်ပါတယ်။
အောက်ဆုံးအကြောင်းမှာတော့ From ရော To ရော bit နှစ်ခုစလုံးမှာ 1 ဖြစ်သွားတာကို တွေ့ရမှာပါ။ AP က အခြားအရာတွေဆီကို စတင်ပြောလို့်ရသွားတဲ့အဆင့် ဖြစ်ပါတယ်။
Frame တွေရဲ့ ပွားယူနိုင်ခြင်းကို ခွဲခြားစီစစ်နိုင်ဖို့်အတွက် Sequence Control မှာ sub- field နှစ်ခု ပါဝင်ပါတယ်။ Sequence Number [12 bit] ဆိုတာ ဖရိန်တစ်ခုစီရဲ့ sequence number ကို ညွှန်ပြခြင်းဖြစ်ပီး အဆိုပါ field အတွက် ကိန်းတန်ဖိုးမှာ 0 မှ 4049 ထိ ရှိနိုင်ပါတယ်။ 4049 ထိ ရောက်ပြီး သွားတဲ့အခါမှာတော့ နောက်ထပ်ထပ်လာမယ့် sequence တန်ဖိုးသည် သုည ပြန်ဖြစ်သွားပါတယ်။ 0- 4049 လည်ပတ်နေတယ် ဆိုကြပါစို့်။ နောက်တစ်ခုက Fragment Number ပါ။ Fragment Number [4bit] သည်လည်းပဲ ပေးပို့်လိုက်တဲ့ဖရိန်တွေရဲ့ Fragment အရေအတွက်ကို ဖော်ပြပေးပါတယ်။ သူ့မှာတော့ ကိန်းဂဏန်းကွာခြားချက်သည် 0 မှ 15 ထိသာ ရှိပါတယ်။
ဒေတာ
Data Field ထဲမှာတော့် 2324bytes ထက် ပိုများတဲ့ပမာဏထိ ဒေတာတွေ ပါဝင်နေနိုင် ပါတယ်။ 802.11 MAC Service Data Unit (MSDU) အမြင့်ဆုံးက 2304 ဖြစ်ပါတယ်။ ဒါပေမယ့် Encryption Method အမျိုးမျိုးသည် သူတို့်ရဲ့ နည်းစနစ်ပေါ်မူတည်ပြီး ပိုသာလွန်တဲ့ Data တွေကို ထပ်ပေါင်း ဖြည့်စွက်ပါတယ်။ နားလည်အောင် ပြောပြရရင် WEP မှာ 8bytes ထပ်ပေါင်းဖြည့်စွက်ပါတယ်။ ဒီတော့် မူလ 2304 ကို 8 ထပ်ပေါင်းထည့်တော့် 2312 bytes ဖြစ်ပါတယ်။ TKIP ဖြစ်တဲ့ WPA1 မှာတော့ 20 ထပ် ပေါင်းထည့်ပါတယ်။ ဒီတော့ 2304+20=2324bytes ဖြစ်ပါတယ်။ WPA2 (CCMP) မှာတော့ 16 ပါ။ 2304 + 16 = 2320 bytes ဖြစ်သွားပါတယ်။
Wireless Control frame
Wireless Control Frame ဆိုတာက တကယ်တော့ ဘယ်ချိန်မှာ စပြီး connection ကို transmit လုပ်မယ်၊ ဘယ်ချိန်မှာ ရပ်မယ်ဆိုတာတွေနဲ့ ချိတ်ဆက်မှုတစ်ခု မအောင်မြင်တဲ့အခါတွေမှာ device တွေကို ပြောပြတဲ့ Message အတိုအထွာတွေသာ ဖြစ်ပါတယ်။
အထက်ပါဇယားကွက်ကိုကြည့်ရင် ဘာက ဘာကို ဖော်ပြဆိုလိုတယ်ဆိုတာ သိနိုင်ပါတယ်။ အထက်ပါဇယားကွက်အား Offensive Security မှ Reference ယူသုံးထားပါသည်။
Thank you for reading here.
0 Comments