Hacking လေ့လာမယ့်သူက Linux ကို လေ့လာဖို့ ဘာကြောင့်လိုအပ်တာလဲ
မကြာခဏ မေးတာကြုံရဖူးတဲ့မေးခွန်းက Hacking ကို Windows နဲ့ရော လုပ်လို့ မရဘူးလား။ Linux ကို လေ့လာဖို့ ဘာကြောင့် လိုအပ်တာလဲ ဆိုတာမျိုးပါ။ အဲသည်အတွက် Kali လို linux မှာ hacking tool တွေ အစုံပါလို့ ဆိုပြီး ဖြေရင် ပြည့်စုံမှုမရှိပါဘူး။ မေးတဲ့ သူအတွက်လည်း ကျေနပ်လောက်တဲ့ အဖြေ ဖြစ်ချင်မှ ဖြစ်မှာပါ။
Windows နဲ့ မတူတာက Linux သည် Open Source ဖြစ်ပါတယ်။ အခမဲ့ သုံးနိုင်တယ်ဆိုတာထက် ပိုတာက Operating System တစ်ခုလုံးအတွက် source code တွေကို ကျွန်တော်တို့ ကြည့်ရှုလေ့လာနိုင်ခြင်းပါ။ တကယ်တမ်း Real World ထဲမှာ ခြေဆန့်ပြီး hack တော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ Operating System ကို သေချာ သိရှိနားလည် ထားဖို့ လိုအပ်ပါတယ်။ ထို့အတူ မိမိတို့ attack လုပ်မယ့် Target Operating System ကိုလည်း ကောင်းစွာ နားလည်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
Windows လို Operating System တွေမှာက Microsoft သည် သူတို့ရဲ့ source code တွေကို အလွယ်တကူ ကြည့်လို့ မရနိုင်စေဖို့အတွက် ကြိုးစားဖုံးကွယ်ထားကြပါတယ်။ ဒီတော့ Operating System ရဲ့ အတွင်းပိုင်းမှာ ပါဝင်လည်ပတ်နေတဲ့ အသေးစိတ်တစ်ခုချင်းစီကို ပွင့်လင်းမြင်သာမှု မရှိတော့ပါဘူး။ GNU/Linux မှာကျတော့ Operating System တစ်ခုလုံး ရဲ့ အတွင်းပိုင်းက အစိတ်အပိုင်းတစ်ခုချင်းစီရဲ့ လုပ်ဆောင်ချက်ကိုပါ အတွင်းကျကျ မြင်နိုင် တွေ့နိုင် လေ့လာနိုင်ပါတယ်။ Open Source ရဲ့ အားသာချက်ပါပဲ။
နောက်တစ်ချက်က Control လုပ်ရတဲ့အပိုင်းပါပဲ။ Windows & Mac လို Operating System တွေမှာက ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာကို ကန့်သတ်ထား ပါတယ်။ Microsoft က ခွင့်ပြုထားတဲ့အကန့်သတ်အတွင်းမှာပဲ ကျွန်တော်တို့ အလုပ်လို့ ရပါတယ်။ GNU/Linux မှာကျတော့ လုပ်နိုင်တဲ့ အခွင့်အရေးက သိပ်ကွာခြားသွားပါပြီ။ system တစ်ခုလုံးကို ဖျက်ချင်လည်း ဖျက်လို့ရတဲ့အထိ ပေးထားပါတယ်။
နောက်ပြီးတော့ Nmap, Metasploit လို Hacking tool တွေသည် Windows မှာလည်း သုံးလို့ရတယ်ဆိုပေမဲ့ Linux မှာလောက် သူတို့ရဲ့ capability တွေ ရ နေမှာ မဟုတ် ပါဘူး။ ဆိုလိုတာက GNU/Linux မှာ ပိုပြီး powerful ဖြစ်မယ်ပေါ့။ Cain and Able လို Windows မှာ သုံးနိုင်တဲ့ specialized tool အချို့ ရှိပေမဲ့ Hacking Tool အများစုကို GNU/Linux System မှာ သုံးဖို့ ဖန်တီးထားကြတာကလည်း အချက်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ပြီးတော့ Linux Server တွေက ပိုပိုများလာတာက လည်း Linux System တွေကို လေ့လာနိုင်ဖို့အတွက် လိုအပ်ချက်တစ်ခု ဖြစ်နေစေပါတယ်။ ဒါကြောင့် Hacking လေ့လာမယ့်သူတွေသည် Linux ကို လေ့လာဖို့ လိုအပ်ပါတယ်။
0 Comments