WiFi Hacking အတွက် WiFi Adapter ရွေးချယ်နည်း
WiFi Hacking လုပ်ဖို့ရာအတွက်က external adapter တွေ အမြဲတမ်း လိုအပ်တာတော့ မဟုတ်ပါဘူး။ အချို့သော Laptop တွေမှာ ပါပြီးဖြစ်တဲ့ built-in adapter တွေသည် စွမ်းဆောင်ရည်အတော်ကောင်းတာကို တွေ့ရပြီး သီးသန့် adapter မပါဘဲ လုပ်ဆောင်နိုင်ကြပါတယ်။ ဒါကြောင့် adapter လိုအပ်၊ မလိုအပ်က မိမိတို့ ကွန်ပျူတာပေါ်မှာသာ မူတည်ပါတယ်။ လက်တွေ့စမ်းကြည့်လို့ အဆင်မပြေရင် external adapter လိုတယ်၊ အဆင်ပြေတယ်ဆိုရင် မလိုဘူး ပေါ့။ ဒီလို အကြမ်းဖျင်း မှတ်ထားနိုင်ပါတယ်။ ဒီခေါင်းစဥ်မှာတော့ လိုအပ်တဲ့အခါ ဘယ်လိုအချက် တွေနဲ့ ရွေးချယ်သင့်တယ် ဆိုတဲ့အကြောင်းကို ဦးစားပေးဆွေးနွေးသွားပါမယ်။
အဓိကရွေးချယ်သင့်တဲ့အချက်တွေထဲမှာ Monitored Mode & Packet Injection ရ မရ က ထိပ်ဆုံးက ဖြစ်ပါလိမ့်မယ်။ Monitored Mode ကို Promiscuous Mode လို့လည်း ခေါ်ပြီးတော့ Wireless Packet တွေအားလုံးကို ဖမ်းယူနိုင်စေဖို့အတွက် မဖြစ်မနေ လိုအပ်တဲ့ mode ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ WiFi adapter တွေသည် ပုံမှန်အတိုင်းဆိုရင် default အားဖြင့် manage mode မှာ အလုပ်လုပ်ပါတယ်။ ဒီတော့ သူ့ရဲ့ MAC address နဲ့ သူ့ဆီ ဦးတည်လာတဲ့ traffic တွေကိုသာ မြင်တွေ့နိုင်ပါတယ်။ WiFi Hacking လုပ်တဲ့အခါ network ထဲမှာ ရှိနေတဲ့ traffic တိုင်းကို သိရှိဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် packet sniffing ကို လုပ်ဆောင်နိုင်ဖို့ (လက်လှမ်းမီသမျှ packet တိုင်းကို ဖမ်းယူနိုင်ဖို့) ဆိုတာက ပုံမှန်သုံးနေကျ managed mode နဲ့ အဆင်မပြေတော့ပါဘူး။ monitored mode ကို ပြောင်းလဲ အသုံးပြုပြီးမှသာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Monitored Mode ကို support မပေးတဲ့ WiFi adapter တွေကို WiFi Hacking အတွေက် အသုံးမပြုနိုင်ပါဘူး။ နောက်တစ်ချက်က network ထဲကို custom packet တွေ inject လုပ်နိုင်ဖို့အတွက် Packet Injection ကို လုပ်ဆောင်နိုင်စွမ်းရှိဖို့ လည်း လိုအပ်ပါသေးတယ်။
1. Adapter ရွေးချယ်ရာမှာ နောက်တစ်ချက်အနေနဲ့ ထည့်သွင်းစဥ်းစားနိုင်တဲ့အချက်က adapter မှာ ဘာ chipset တွေကို သုံးထားလဲ ဆိုတာပါ။ Monotored Mode မှာ ကောင်းစွာ အလုပ်လုပ်ဆောင်နိုင်စွမ်းရှိတဲ့ Chipset တွေ အတော်များများ ရှိပါတယ်။ အဲဒါတွေထဲကမှ စျေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်လည်း ကောင်းမွန်တဲ့ chipset ၅ ခုအကြောင်း ထုတ်နှုတ်ဆွေးနွေးသွားပါမယ်။
2. Atheros AR9271 : ဒီ chipset က Monitored Mode & Packet Injection ကို ကောင်းစွာလုပ်ဆောင်နိုင်တဲ့ chipset ဖြစ်ပါတယ်။ TP-Link TL-WN722N adapter မှာ သုံးထားတာတွေ့ရပြီး ဝယ်ယူရလွယ်သလို စျေးလည်းသက်သာတာကြောင့် အသုံးများပါတယ်။ (2.4GHz)
3. Ralink RT5370N : Alfa Adapter တွေမှာ အသုံးများတဲ့ chipset ဖြစ်ပါတယ်။ ဒီ chipset ကို သုံးထားတဲ့ Alfa adapter တွေထဲကမှ recommend ပေးရမယ်ဆိုရင် ALFA AWUS036NHA ပါ။ (2.4GHz && 5GHz)
Fig: 10.6.2. ALFA AWUS036NHA4. Realtek RTL8812AU : ALFA Adapter တွေထဲမှာ တွေ့ရနိုင်တဲ့ chipset ပါ။ 2.4GHz ရော 5GHz ပါ (dual band) support ဖြစ်ပါတယ်။ Recommended က ALFA AWUS036ACH ပါ။ နောက်တစ်ခုက RTL8814AU ကို သုံးထားတဲ့ ALFA AWUS1900 ပါ။ သူကတော့ စျေးပိုကြီးပါလိမ့်မယ်။
Fig: 10.6.3. AWUS036ACH & AWUS19005. Realtek RTL8187L : စျေးပိုသက်သာတဲ့ ALFA version ပါ။ သူကတော့ ကြာပြီဖြစ်တာမို့ Brand new တော့ ရနိုင်မှာ မဟုတ်ပါဘူး။ ပြန်ပြင်ထားတာတွေနဲ့ အဟောင်းကို အခွံလဲထားတာတွေ၊ chipset တူသုံးပြီး တရုတ်က ပြန်ထုတ်ထားတာတွေ စသည်ဖြင့် စျေးကွက်ထဲမှာ ရနိုင်ပါတယ်။ (2.4GHz)
Fig: 10.6.4. AWUS036H6. Ralink RT3070 & RT3572 : ဒီ chipset တွေ ပါဝင်တဲ့ adapter တွေကိုလည်း စျေးကွက်ထဲမှာ တွေ့ရများပါတယ်။ ဒါတွေကလည်းပဲ WiFi Hacking အတွက် အသုံးပြုနိုင်တဲ့ adapter တွေ ဖြစ်ကြပါတယ်။
ဒီနေရာမှာ ထပ်ဆောင်း ပြောပြလိုတာက Adapter တွေကို ဝယ်တဲ့အခါ သူ့မှာ ပါဝင်တဲ့ chipset ကို သေချာစစ်ဆေးကြည့်တာမျိုး၊ Linux support ဖြစ် မဖြစ် စသည်ဖြင့် စစ်ဆေးတာမျိုး တွေ လုပ်နိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် Dual Band Support (2.4GHz & 5GHz) ဖြစ်တာမျိုးကို ပိုပြီး ဦးစားပေး ရွေးချယ်သင့်ပါတယ်။ (သို့သော် ကျွန်တော်တို့ ဒေသမှာ ဝယ်လို့ရတာကိုပဲ ဦးစားပေးရွေးချယ်ရမှာပါပဲ။ မဟုတ်ရင် မှာရခက်ပြီး သယ်/ပို့ရတာလည်း ခက်ပါတယ်။)
0 Comments